Gita Ywar App သည် သီချင်းများကို စိတ်အားထက်သန်စွာ ဆက်လက်ထုတ်လုပ်သွားလိုသော ဂီတပညာရှင်များ၊ ဖန်တီးထားသော လက်ရာများကို ပရိတ်သတ်အား ချပြလိုသော ဂီတပညာရှင်များ၊ ရင်ဘတ်ချင်းနီးစပ်သောသူများနှင့် ပိုမိုရင်းနှီးလိုသော ပညာရှင်များကို တနည်းနည်းဖြင့် အကျိုးပြုစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးထားပါသည်။ ထို့ကြောင့် ဒီ Gita Ywar App တွင် သီချင်းများကို ထည့်သွင်းရောင်းချလိုသူများအနေဖြင့် အောက်ပါအချက်များကို သဘောတူညီမှု ရှိပြီးမှသာ အသုံးပြုသင့်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ရည်ညွှန်းချက်များ
- "သင်" အသုံးအနှုံးတို့သည် Gita Ywar App ကို ယခုသုံးစွဲမည့်သူကို ရည်ညွှန်းသည်။
Hate Speech
- Gita Ywar App ပေါ်တွင် တင်မည့် သင်၏ သီချင်း သည် နိုင်ငံရေး ၊ လူမျိုးရေး ၊ဘာသာရေးနှင့် ဆက်စပ်ပတ်သတ်သော အမုန်းတရား၊ လက်ရှိ တည်ဆဲ ဉပဒေများနှင့် မလွတ်ကင်း သော မည်သည့်အကြောင်းအရာမှ ဆက်နွယ်ခြင်း မရှိစေရ။
Copyrights
- သင်သည် တခြားသူ ပိုင်ဆိုင်ပြီးသားဖြစ်သော သီချင်းများ၊ Music Video များကို Gita Ywar App ပေါ်တွင် ပြန်လည် တင်ပြခြင်းမျိုး မရှိစေရ။
- Gita Ywar App ပေါ်တွင် တင်မည့် သင်၏သီချင်းသည် သီချင်းထုတ်လုပ်သောအခါ ပါဝင်ထားသော သက်ဆိုင်ရာ အလွှာအသီးသီးမှ ပညာရှင်များနှင့် copyright သဘောတူညီမှုကို ရယူထားပြီးသားဖြစ်နေရမည်။
- Gita Ywar App ပေါ်တွင် တင်မည့်သီချင်းသည် မိမိကိုယ်တိုင် ဖန်တီးရေးစပ်ထားသော သီချင်းဖြစ်ရမည်။ Cover လုပ်ထားသည့် သီချင်းမျိုး မဖြစ်စေရ။
Community Standards
- သင်သည် အခြားအသုံးပြုနှင့် အချင်းချင်း ခိုက်ရန်ဖြစ်ပွားစေနိုင်လောက်သော ပြင်းထန်သော ငြင်းဆိုရေးသားချင်းများ၊ ထိုးနှက်ရေးသားခြင်းများကိုလည်း မလုပ်ရ။
Merchandising & Profit Sharing
- သင်၏ သီချင်းကို ပရိသတ်တယောက်ကဝယ်လိုလျင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချခွင့်ပြုရမည်ဖြစ်သည်။
- သီချင်းကို ပထမ ၂ကြိမ် free listening feature ပေးထားမည့်ဖြစ်ပြီး ဆက်လက်နားထောင်လိုပါက ၃ကြိမ်မြောက်မှစ၍ ငွေကျပ်ကောက်ခံပေးသွားပါမည်။
- သီချင်းတပုဒ်လျှင် ရရှိမည့်အကျိုးအမြတ်မှာ ၂၅၀,၀၀၀ ကျပ် အထိဝင်ငွရလျှင် ရောင်းချသူထံအကုန် ပေးပါမည်။
- ၂၅၀,၀၀၀ ကျော်ပါက ကျော်လွန်သည့်Amount ပေါ်တွင် ရောင်းချ သူ 70% , Gita Ywar 30% ( MDR rate နှုတ် အပြီးပေါ်တွင် တွက်ချက်မည်)
Acknowledgement
- အထက်ပါ အချက်အလက်များကို ဖတ်ရှုနားလည်ထားပြီးဖြစ်ကြောင်း နဲ့ လုပ်ငန်းစဉ်များကို သဘောတူရန် လိုအပ်ပါသည်။နောက်တိုး Gitaywar Music App သီချင်းရောင်းချမှု Form တွင် လိုအပ်သော အချက်အလက်များကို ဖြည့်သွားရန်လိုအပ်သည်။